Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၀၆) သင်တန်းဖွင့်

ရန်ကုန် ဩဂုတ် ၂၉ 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၆)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား(၂၀၆)ဦး၊ သင်တန်းသူ(၂၉၁)ဦး၊ စုစုပေါင်း(၄၉၇)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဩဂုတ် ၂၉ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ရက်သတ္တ(၁၀)ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်