Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်

“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်းစေနိုင်ခြင်း (အထူးအားဖြင့်နာတာရှည်ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ)၊ ရောဂါ၏ နောက်ဆက်တွဲပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုမှသည် အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်သည်အထိ ဖြစ်ပေါ်ခြင်းမှ လျှော့ချနိုင်ခြင်းတို့ကြောင့် အသက်(၅) နှစ်နှင့် အထက်ရှိသော  ပြည်သူလူထုအားလုံးသည်  နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်၊ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေသွားရောက်ထိုးနှံပါရန်  အသိပေးနှိုးဆော်အပ်ပါသည်။                                            

 ကျန်းမာရေးဝန်ကြီးဌာန