ရန်ကုန် ဩဂုတ် ၂၁
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၇) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် Online Learning System ဖြင့် ကျင်းပသည်။
အမှာစကားပြောကြား
ဦးစွာ ပါမောက္ခချုပ်ဦးဇော်ဇော်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။
သင်တန်းသို့ သင်တန်းသား ၂၀၈ ဦး၊ သင်တန်းသူ ၂၃၇ ဦး စုစုပေါင်း ၄၄၅ ဦး တက်ရောက်လျက်ရှိပြီး ဩဂုတ် ၂၁ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ In-House Learning ဖြင့် လည်းကောင်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်