နေပြည်တော် ဩဂုတ် ၂၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပင်စင်ဦးစီးဌာန လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပင်စင်ဦးစီးဌာန ရုံးအမှတ်(၃၄) စုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိလုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ တက်ရောက်ကြသည်။
ရည်ရွယ်ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယခုသင်တန်းကို ပင်စင်ဦးစီးဌာနမှ အရာထမ်းနှင့်အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ အမျိုးသားပင်စင်စနစ် (National Pension System) ပေါ်ပေါက်လာရေးအတွက် မူဘောင်အတွင်းမှ ပြုပြင်ပြောင်းလဲခြင်း (Paramet-ric Reform)နှင့် ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျက်ရှိ သောရန်ပုံငွေကိုအခြေခံ၍ ပင်စင်အကျိုးခံစားခွင့်ပြုသည့်စနစ် (Systemic Reform)သို့ ပြောင်းလဲဆောင်ရွက်မည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund – CPF) ထူထောင်နိုင်ရေးကို မူဝါဒရည်မှန်းချက်နှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း။
အငြိမ်းစားဝန်ထမ်းများ ခံစားခွင့်ရရှိသည့်ပင်စင် လစာငွေများ အဆင်ပြေချောမွေ့စွာ ထုတ်ယူခံစား နိုင်ရေးအတွက် သတ်မှတ်ထားသည့် ပင်စင်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စေတနာထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
သင်တန်းသို့ ပင်စင်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း စုစုပေါင်း ၄၃ ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တပတ် ရှစ်ပတ်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်