Skip to main content

ခြင်း၊ တောင်း၊ စကောနှင့် စကာအကြောင်းတစေ့တစောင်း

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊  ဇီးကုန်းကျေးရွာတွင် ခြင်း၊ တောင်း၊ စကောနှင့် စကာများ ရက်လုပ်လျက်ရှိပါသည်။ ရွာနေပြည်သူများသည် ခြင်း၊ တောင်း၊ စကောနှင့် စကာများကို ရက်လုပ်ပြီး အသက်ဝမ်းကြောင်းပြုနေသော ရွာတစ်ရွာလည်း ဖြစ်ပါသည်။ ထိုအရာများကို ယက်လုပ် ရာတွင် ဝါးကို ကုန်ကြမ်းအဖြစ် အသုံးပြုကြပါသည်။

ကြက်သောင်းဝါး၊ တင်းဝါးနှင့် ဝါးလတ်ဟူသော ဝါးသုံးမျိုးဖြင့်ရက်လုပ်ရပါသည်။ ထိုးဝါးများ ကို မြို့ချောင်းမှ ကျောက်တံခါးမြို့နယ်ရှိ ဝါးဆိုင်များသို့ တင်သွင်းပြီး ထိုမှတစ်ဆင့် ဝယ်ယူရပါသည်။ ခြင်းကိုပြုလုပ်ရာတွင် ကြက်သောင်းဝါးနှင့် ဝါးလတ်တို့ဖြင့် ရက်လုပ်ရပါသည်။ ခြင်းကို ရက်လုပ်ရာ တွင် ဝါးကို နှီးဖြစ်အောင်ဖျာပြီး အစိုရက်၍ အပြားသေးအောင် လုပ်ပြီး တဇောင်းထိုးရပါသည်။ ဝါး အကြီး ၅ လုံးလျှင် ခြင်းအလုံး ၂၀ လုံးထွက်ပါသည်။

တောင်းကို ရက်လုပ်ရာတွင် ဝါးကို နှီးအတည့်ဖျာပြီး နေလှန်း၍ ခြောက်လျှင် ရက်လုပ်၍ ရပါ သည်။ ဝါးအကြီး ၅ လုံးလျှင် တောင်းဝိုင်းအလုံး ၂၀ လုံးထွက်ပါသည်။ စကောရက်လုပ်ရာတွင် ဝါးကို နှီးဖြစ်အောင်ဖျာပြီး နေလှန်း၍ ခြောက်လျှင် ရက်လုပ်ရပြီး ဝါးအကြီး ၂ လုံးလျှင် စကော ၁၅ ချပ်ရပါ သည်။ ဇကာကို ရက်လုပ်ရာတွင် ဝါးကိုနှီးဖြစ်အောင်ဖျာပြီး အစိုရက်၍ ဝါးကြီး ၂ လုံးလျှင် ဇကာ ၁၅ ချပ်ရပါသည်။ တစ်ရက်လျှင် ခြင်း ၁၀ လုံး၊ တောင်း ၁၀ လုံး၊ စကော ၁၀ ချပ်နှင့် စကာ ၂၀ ချပ် တို့ကို ရက်လုပ်နိုင်ပါသည်။

ရောင်းချရာတွင် ခြင်းနှင့်တောင်းတို့ကို အရွယ်အစားအလိုက် (၁)လုံးလျှင် ၁၆၀၀ ကျပ်မှ ၂၅၀၀ ကျပ် အထိရောင်းချနေပြီး စကော (၁)ချပ်လျှင် ၁၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ရွာမှထွက် သော ခြင်း၊ တောင်း၊ စကောနှင့် စကာတို့ကို ဒေသအတွင်း ကျေးရွာမှမှာယူပြီး ကျောက်တံခါးမြို့နယ်အတွင်း နီးစပ်ရာ ဒေသများ၊ ဖြူးမြို့နယ်နှင့် ညောင်းလေးပင်မြို့နယ်များတွင်လည်း ရောင်းချ လျက်ရှိပါသည်။ ခြင်း၊ တောင်း၊ စကောနှင့် စကာများမှာ လက်ရာများ သေသပ်ပြီး နှုတ်ခမ်းသားများမှာလည်း ဝါးကို ပါးပါးလေးခွဲ၍ ကွပ်ထားသည့်အတွက် သုံးလေးနှစ်အသုံးခံ၍ ဝယ်ယူသူများမှာ အထူးနှစ်သက်ကြကြောင်း သိရသည်။

DOCA(ပဲခူး)