Skip to main content

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြောင်းလဲသွားသော ပြည်ပပို့ကုန် ဆံပင်ဈေးကွက်

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များတွင် ပါဝင်လျက်ရှိသော ဆံပင်ဈေးကွက်မှာ ယခင် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိသော်လည်း ကိုဗစ်ကာလတွင် ဆံပင်အရောင်းအဝယ်အေးသွား၍ ကိုဗစ်ကာလအလွန်၌ ရန်ကုန်မြို့တွင် တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသားများက လာရောက်ဝယ်ယူလျက်ရှိပြီး အင်တာနက်ဖြင့် ပစ္စည်းနမူနာပြသ၍ ရောင်းဝယ်လျက်ရှိသည့်အတွက် ဆံပင်ဈေးကွက်ပြောင်းလဲသွားကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်၊၊

မြို့ပေါ်ဆံပင်အဝယ်ဒိုင်သို့ မြို့တွင်းနှင့် ကျေးရွာများ၊ အနီးဝန်းကျင်ရှိ မြို့နယ်များမှ လာ ရောက်ရောင်းချမှုရှိပြီး ဆံပင်ဝယ်ယူရာတွင် အတို/အရှည်၊ ဖြတ်စနှင့်ဆံပင်ကျွတ်စ (အပွအရိုင်း) တစ်ပိဿာလျှင် ကျပ် ၅၀,၀၀ဝိ/-ဈေးနှင့် (၈) လက်မမှ လက်မ (၄၀) ခန့်အထိ ဝယ်ယူလျက်ရှိပြီး ဆံပင်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃/၄ သိန်းမှ ကျပ် ၇/၉ သိန်းနှင့် ကျပ်သိန်း ၂၀ ခန့်အထိ ဈေးနှုန်းရှိပြီး ကာလာဆေးဆိုးထားသော ဆံပင်၊ သဘာဝအဖြူရောင်ဆံပင်နှင့် ဆေးဆိုးထားသော အမဲရောင်ဆံပင်မှာ ဈေးကောင်းမရဘဲ ဆံပင်အရင်းအဖျားဖြောင့်စင်းနေသော ဆံပင်မှာ ဈေးကောင်းရပြီး ဆံပင်အရှည်ဆိုဒ်နှင့် ဆံပင်အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ ပုသိမ်မြို့ပေါ်တွင် ယခင်၌ဆံပင်အဝယ်ဒိုင် ၂/၃ ဒိုင်သာရှိသော်လည်း ယခုအခါတွင် အဝယ်ဒိုင်အသစ်များ ထပ်မံဖွင့်လှစ်၍ ၆/၇ ဒိုင်အထိရှိကြောင်း တစ်နေ့လျှင် ငွေကျပ် ၁ သိန်းမှ ၅ သိန်းနှင့် တစ်ခါတရံတွင် ကျပ် ၁၄/၁၅ သိန်းအထိ ဆံပင်ဝယ်ယူရရှိကြောင်း ပုသိမ်မြို့၊ မင်းကြီးလမ်းရှိ  “စိတ်တိုင်းကျ ဆံပင် ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးရဲသီဟထံမှ သိရသည်၊၊

မြန်မာနိုင်ငံမှ ဝယ်ယူရရှိသော ဆံပင်များကို ဥရောပတိုက်အတွင်းရှိ နာမည်ကြီးပြင်သစ် ကိန်း ရုပ်ရှင်ပွဲတော်၊ နာတာလူးပွဲတော်၊ ဖက်ရှင်ပွဲတော်၊ ခရစ်စမတ်ပွဲတော်များနှင့် အခြားထင်ရှားသော ပွဲတော်များအတွက် ဆံပင်အတုပြုလုပ်လျက်ရှိပြီး အသားအုပ်ပလာစတာပေါ်တွင် ဆံပင်အတုပြုလုပ်၍ ထိပ်ပြောင်သူများအတွက်အသုံးပြုခြင်း၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများအသုံးပြုခြင်း၊ တရုတ်ရုပ်ရှင်ကားများတွင် ဆံပင်တု၊ ဆံထုံးအတွက် အသုံးပြုခြင်း၊ ဂီတရုပ်ရှင်နယ်ပယ်နှင့် ပျော်ပွဲရွှင်ပွဲများတွင် အလှကုန်ပစ္စည်းအဖြစ် ဆံပင်တုကို အမျိုးမျိုး တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ မိတ်ကပ်ပညာရှင်များမှာ ပြည်ပမှဆံပင်အတုများကိုလည်း ဝယ်ယူအသုံးပြုကြကြောင်း သိရပါသည်၊၊

DOCA (ဧရာဝတီ)