Skip to main content

ဈေးတက်ပြီး အကျိုးအမြတ်များခဲ့သည့် ပဲထောပတ်

၂၀၂၂-၂၀၂၃ ခုနှစ်၊ ပဲမျိုးစုံပေါ်ချိန်အတွင်း ပဲမျိုးစုံ ဈေးနှုန်း/ ဈေးကွက် အခြေအနေ ကောင်းခဲ့ပြီး ပဲပေါ်ချိန်ရာသီ ကုန်ဆုံးပြီးနောက် ထောပတ်ပဲဈေးမှာ အထူးဈေးကောင်း ရလျက်ရှိကြောင်း သိရသည်၊၊

ပဲထောပတ် ဈေးကောင်းရရှိမှုအခြေအနေနှင့် ပတ်သက်၍ ဘားအံမြို့ရှိ ရွှေကံထူး ပဲပွဲရုံပိုင်ရှင် ဦးစောဝင်းနိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်  “ဒီနှစ်ကတော့ ပဲထောပတ်လှောင်သမားနဲ့ ပဲကုန်သည် ပွဲရုံ ပိုင်ရှင်တွေအတွက် အထူးတွက်ခြေကိုက်တဲ့နှစ်ပါပဲ၊ ပဲပေါ်ရာသီအတွင်းမှာ ပဲမျိုးစုံဈေးကောင်း ရခဲ့တဲ့အပြင် ပဲပေါ်ချိန်ရာသီပိတ်ပြီးတဲ့တိုင် လက်ရှိအခြေအနေမှာ (ဈေးကွက်ခန့်မှန်းချက်အတိုင်း) ပဲထောပတ်ဈေးဆက်တက်နေတော့ ပဲထောပတ်လှောင်သမားတွေ အကျိုးအမြတ်များခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ကရင်ပြည်နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ပဲထောပတ်ဈေးနှုန်းအခြေအနေများမှာ ၁ တင်းလျှင် ရာသီချိန်အဖွင့်ဈေးမှာ ၆၅,၀၀၀ ကျပ်ဖြစ်ပြီး လက်ရှိဈေးကွက်ပေါက်ဈေးမှာ ၁၁၀,၀၀၀ ကျပ်ဖြစ် ကြောင်း သိရသည်။

ပဲထောပတ်သည် ကိုလက်စထရောပါဝင်မှု နည်းသောကြောင့် နှလုံးအတွက်အားကောင်းစေပြီး မဂ္ဂနီစီယမ်နှင့် ဖောလစ်အက်စစ်ပါဝင်မှုကြောင့် နှလုံးနှင့်ကြွက်သားများကို သန်မာအားကောင်းစေနိုင် သည်၊၊ သွေးတွင်းလည်ပတ်မှုကိုကောင်းစေခြင်း၊ အမျိုးသမီးများအတွက် လိုအပ်သော သံဓာတ်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ခွန်အားကိုဖြစ်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေခြင်း၊ အဆီပါဝင်သည့် ပဲဖြစ်သောကြောင့် စားသုံးသူတွင် ကိုယ်အလေးချိန် မတက်စေခြင်း၊ ခန္ဓာကိုယ်အတွက် အမျှင်ဓာတ်ကို ဖြည့်ဆည်းပေးသောကြောင့် ဝမ်းကောင်းစေခြင်း၊ သွေးချိုဓာတ်ကိုထိန်းညှိပေးသောကြောင့် သွေးချိုသမားများ စားသုံးနိုင်ခြင်း၊ ဆိုဒီယမ် ပါဝင်မှုနည်းသောကြောင့် သွေးတိုးသမားများပါ စားသုံးနိုင်ခြင်နှင့် ကော့ပါးပါဝင်သောကြောင့် အသည်း၏ လုပ်ဆောင်ချက်မှုကိုကောင်းမွန်စေခြင်း၊ ပရိုတိန်းဓာတ်ကိုလည်းကောင်း စွာဖြည့်ဆည်းပေးနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အနာရောဂါ ကင်းဝေးစေနိုင်ခြင်းစသည့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာကို ရရှိ စေနိုင်သောကြောင့် ပြည်တွင်းစားသုံးမှု မြင့်မားသော ပဲအမျိုးအစားဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရသည်။

DOCA(ကရင်)