နေပြည်တော် ဩဂုတ် ၁၄
လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ သတင်း အချက်အလက်စနစ် (Social Management Informa-tion System-SMIS) ၏ အစိတ် အပိုင်းတစ်ခုဖြစ်သော ဖြစ်ရပ်စီမံ ခန့်ခွဲမှု သတင်းအချက်အလက် စနစ် (Case Management Information System - CMIS) Software Digital Platform ကို အသုံးပြု၍ “CMIS Database Training လက်တွေ့အသုံးပြုခြင်း” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော် သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ဖြင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ လူကုန်ကူးခံရသော ကလေးသူငယ်များ၊ ဥပဒေနှင့်ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များ၊ လူကုန်ကူးခံရသော ကလေးသူငယ်များအပါအဝင် အထူး စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၏ အချက်အလက်များကို SMIS စနစ်ဖြင့် လက်တွေ့ အသုံးပြုနိုင်ရန်အတွက် တပ်မတော် သတင်းနည်းပညာဌာနမှ နည်းပညာအကူအညီပေး ၍ ရေးဆွဲခဲ့ရာ Case Manage-ment Program ရေးဆွဲဆောင်ရွက်မှု (၉၀ ရာခိုင်နှုန်း)နှင့် CMIS Software Digital Platform အသုံးပြုမှု(၉၀ ရာခိုင်နှုန်း)ရေးဆွဲ ပြီးစီးပြီးဖြစ်ပါကြောင်း၊ SMIS Software ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ ပိုမိုကောင်းမွန် ထိရောက်လာစေခြင်း၊ သတင်းအချက်အလက်များ ပိုမိုလုံခြုံစိတ်ချရခြင်း၊ ထိန်းသိမ်းထားနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ ၇၀ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဩဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်