Skip to main content

(၇) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲ၊ (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲဖွင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

ရန်ကုန် ဩဂုတ် ၁၄

() ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၃ ခုနှစ် မဟာမဲခေါင် ဒေသခွဲစီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဖိုရမ်နှင့် အခြားဆက်စပ်အခမ်းအနားများသို့ တက်ရောက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့အားသက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ အခမ်းအနားများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ကြီးမှူး၍ ကူမင်းမြို့ ဩဂုတ် ၁၆ ရက် မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

()ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို“Solidarity Coordination & Coordination for Common Development” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် ကဏ္ဍစုံပြခန်းပေါင်း ၁၅ ခန်း ပါဝင်မည်ဖြစ်ကြောင်း၊ 4th China-South Asia Cooperation Forum 2023 GMS Economic Corridor Governors Forum The 16th China - Southeast Asia Business ForumThe 4th Forum on China - South Asia Technology Transfer and Collaborative Innovation The 11th China - South Asia & Southeast Asia Arts Week The 4th Lancang – Mekong Audiovisual Week တို့ အပါအဝင် ဖိုရမ် ၁၀ ခုကျော်ကိုလည်း တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ဒစ်ဂျစ်တယ်ပလက်ဖောင်းကို အွန်လိုင်းတွင် တစ်ပြိုင်နက်တည်း တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖလှယ်ရေး ပိုမိုမြှင့်တင်စေရန်၊ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားရန်နှင့် ချစ်ကြည်ရင်းနှီးမှုများကို မျှဝေသွားရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်