Skip to main content

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ Certificate in Digital Marketing and Innovation-CDMI(Batch-I) ဖွင့်လှစ်မည်

ရန်ကုန် ဩဂုတ် ၁၀

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ ဒစ်ဂျစ်တယ် နည်းလမ်းဖြင့် ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချနိုင်စေရန်၊ ပြိုင်ဘက်လုပ်ငန်းများထက် သာလွန်သော ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ သဘောတရားများ၊ နည်းလမ်းများနှင့် ဆန်းသစ်တီထွင်မှုများကို သိရှိစေရန်၊ လက်တွေ့ဈေးကွက် ဖော်ဆောင်ရာ၌ ကြုံတွေ့ရမည့် ပြဿနာများကို ဖြေရှင်းရာတွင် နည်းစနစ်ကျစွာ တွေးခေါ်တီထွင် ဆန်းသစ်နိုင်စေရေးအတွက် အထောက်အကူပြုနိုင်စေရန်နှင့် နိုင်ငံတကာအဆင့် ဈေးကွက် ဖော်ဆောင်ရေးဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်စွာအသုံးပြု နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ Certificate in Digital Marketing and Innovation-CDMI (Batch-I) Free Online Certificate Course ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်သည်။

သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် https://forms.gle/FX5QmvXRrJvYcF8U9 Link မှတစ်ဆင့် Google Form တွင် ဖြည့်စွက်ပြီး ၁၆-၈-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

သတင်းစဉ်