နေပြည်တော် သြဂုတ် ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် PE Slipper ဖိနပ် အရန် ၂၅၅၀၊ Lady Sandal ဖိနပ်အရန် ၇၀၀၊ Laminated Down Table အလုံး ၃၀၀ အပါအဝင် ကုန်ပစ္စည်း ၂၄ မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၁၃၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀)စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၂၁၃၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၆ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့ နောင်နွန်းပူးပေါင်းစစ်ဆေးရေး စခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တစ်လက်မဆင်ရုပ်အကြမ်းထည် (စကျင်ကျောက်)အခု ၄၄၀ အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၂၆၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၈၂၆၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ သြဂုတ် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Flying Horse Electric Pan Cooker ၉၆ ခု အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၉၃၀၆၁)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၁၉၃၀၆၁ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချောက်မြို့ အမှတ်(၄)ရပ်ကွက်၌ တရားမဝင်ရေနံစိမ်း ဂါလန် ၃၅၀ နှင့် ဆက်စပ်ပစ္စည်းများ၊ လိုင်စင်မဲ့ Hyundai Starex ယာဉ် တစ်စီး၊ Sporter Dayan ၊ Shayan နှင့် Yinxing ဆိုင်ကယ်သုံးစီးအပါအဝင် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၂၁၂၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေအရလည်းကောင်း၊ နတ်မောက်မြို့နယ် မြို့မကွက်သစ်ရပ်ကွက်၌ တရားမဝင်သစ်မျိုးစုံ သုည ဒသမ ၆၃၉ တန် (ခန့်မှန်းတန်ဖိုးငွေ ၄၄၈၄၂ ကျပ်)နှင့် အောင်လံမြို့နယ် မြို့ဝင်သံလမ်းဂိတ်အနီး၌ တရားမဝင်သစ်လက်ပံခွဲသား သုညဒသမ ၈၅၁ တန် (ခန့်မှန်းတန်ဖိုးငွေ ၅၉၅၈၄ ကျပ်)၊ အဆိုပါသစ်များ တင်ဆောင်လာသည့် ခေါင်းနီထွန်စက် တစ်စီး(၁၄၀၀၀၀၀)တို့ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၂၅၆၂၆ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၆ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၅၄၇၅၁၈၇)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်