Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲ တက်ရောက်ဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၅

Myanmar Cyber Security Challenge 2023 (အလွတ်တန်း အဆင့်) ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအခမ်းအနားကိုဖွင့်လှစ်ပေးသည်။

ပြိုင်ပွဲသို့ တပ်မတော်နည်း ပညာတက္ကသိုလ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အစိုးရနည်း ပညာ ကောလိပ် / သိပ္ပံများမှ အသင်း ၂၅ သင်း၊ ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၅  ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး (UI$ Team)အသင်းက ပထမ၊ (n00b_ 779082 ) အသင်းက ဒုတိယနှင့် (U_SH3LL) အသင်းက တတိယ ရရှိခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုရရှိသည့်အသင်းများ ကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

မြန်မာနိုင်ငံတွင် Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ရောဂါအကန့်အသတ်ကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့ တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ကာ ယခု ၂၀၂၃ ခုနှစ်တွင် (၇) ကြိမ် မြောက် ကျင်းပနိုင်ခဲ့ခြင်းဖြစ် သည်။

အဆိုပါပြိုင်ပွဲမှ အနိုင်ရထူးချွန်သူများကို အာဆီယံဒေသတွင်းနိုင်ငံများတွင်ကျင်းပသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ပွဲများသို့စေလွှတ်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်