နေပြည်တော် ဩဂုတ် ၂
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃၁ ရက် ည ၈ နာရီတွင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၁၀၁ လမ်းx ၅၅ လမ်းတွင် ဝင်းမိုး(ခ)ဉာဏ်မိုးမြင့်ကို မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ် သည့် ကက်တမင်း သုညဒသမ ၀၂ ကီလို၊ Happy Water သုည ဒသမ ၀၂၅ ကီလို သိမ်းဆည်းရမိ ခဲ့ပြီး ကွင်းဆက်အရ ည ၉ နာရီတွင် မဟာအောင်မြေမြို့နယ် စင်္ကြာ နွယ်စဉ်ရပ်ကွက် ၃၅ လမ်း (၇၄ x ၇၅) လမ်းကြားရှိ သီဟတင်စိုး(ခ) ပေါက်ကိုင်ဖေ တည်းခိုသည့် ဟိုတယ်အခန်း အမှတ် (၂၀၈)အတွင်းမှ စိတ်ပြောင်းဆေးဝါးများ ဖြစ်သော အက်တက်စီဆေးပြား ၁၅၀၊ ကက်တမင်း ၂ ဒသမ ၀၂ ကီလို၊ Happy Water ၁ ဒသမ ၄၅ ကီလိုကိုလည်းကောင်း၊ ဩဂုတ် ၁ ရက် နံနက် ၁၁ နာရီတွင် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ ဝင်းမိုး(ခ)ဉာဏ်မိုးမြင့် ငှားရမ်းနေထိုင်သည့် နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၀၇ ကီလိုကိုလည်းကောင်း၊ ထိုနေ့ ည ၉ နာရီ မိနစ် ၅၀တွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ် တိုးဂိတ်အနီး လားရှိုး- မန္တလေးသွား ကားလမ်းတွင် လှမျိုးအောင် မောင်းနှင်လာသည့် Toyota Coro- lla အမျိုး အစားယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ကို လည်းကောင်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ အလားတူ ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ လှိုင်မိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား