နေပြည်တော် ဇူလိုင် ၂၆
Elevate Broadcast က ဦးဆောင်ကျင်းပသည့် Asian Academy Creative Awards Masterclass နှင့်Producers Summit 2023 ကို ယနေ့နံနက် ၈ နာရီတွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အယ်ဒီတာများ၊ သတင်းထောက်များ၊ အစီအစဉ်ထုတ်လုပ်ရေးမှူးများနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ အရာထမ်း/အမှုထမ်းခုနစ်ဦးတို့သည် နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်တို့မှ ပါဝင်တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ခေတ်ရေစီးကြောင်းနှင့်အညီ ဇာတ်ညွှန်းများ ပြောင်းလဲရေးသားတတ်စေရန်၊ အနာဂတ်တွင်ခေတ်စားလာနိုင်သည့် နိုင်ငံတကာမှ တွဲဖက်ထုတ်လုပ်သော TV နှင့် ရုပ်ရှင်များအကြောင်း၊ အနာဂတ်တွင် ဆက်လက်ခေတ်စားလာမည့် ကိုရီးယား Content များအကြောင်း၊ AI နည်းပညာနှင့် Copyright ၊ AI နည်းပညာကြောင့် TV နှင့် ရုပ်ရှင်ထုတ်လုပ်မှုကို ပြောင်းလဲနိုင်မှုနှင့် AI နည်းပညာ၏ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်၊ ရုပ်ရှင်နှင့် TV ဂေဟစနစ်၊ VFX in TV & Film နှင့် Virtual Produ-ction ၊ Grand Final Award တွင် Winner ဆုရှင်များ၏ အကောင်းဆုံးဟာသအစီအစဉ်၊ ဇာတ်ပို့၊ အသံ၊ ဖျော်ဖြေရေးအစီအစဉ်၊ Best Lifestyle Programme များအပေါ် လေ့လာတွေ့ရှိချက်များကို နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးကြပြီး ဇူလိုင် ၂၇ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။
Elevate Broadcast သည် Asian Academy Creative Aw-ards (AACA) ကို နှစ်စဉ်ကျင်းပလေ့ရှိရာ ယင်း Asian Academy Crea-tive Awards သည် ဩစတြေးလျနှင့် နယူးဇီလန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ဆန်းသစ်တီထွင်ထားသည့် ရုပ်သံဗီဒီယိုလက်ရာများကို ဂုဏ်ပြုပေးအပ်သည့် ဖန်တီးမှုဆိုင်ရာ ဆုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်