Skip to main content

ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၄

၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်အားကစားရုံ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ပုသိမ်လေတပ်စခန်း ဌာနချုပ် ၊ ဌာနချုပ်မှူး ဗိုလ်မှူးကြီး ရဲမျိုးသန့်နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်စား ပုသိမ်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပုသိမ်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက ခုံအမှတ် (၁) ရှိ စစ်တုရင်ပထမဆုံးရွှေ့ကွက်ကိုရွှေ့၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးပြီးတက်ရောက် လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်းစစ်တုရင်ပြိုင်ပွဲအား အကြီးတန်း၊ လူသစ်တန်းနှင့်အမြန်ရွှေ့ပြိုင်ပွဲ အမျိုးအစားများဖြင့်ကျင်းပမည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကွပ်ကဲမှုအောက်ရှိ တပ်/ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇူလိုင် ၃၁ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။