Skip to main content

(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် (၄၇)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကာယဗလမောင် အသက်(၂၁)နှစ်အောက် ပဏာမလူရွေးချယ်ခြင်းကို ကျင်းပရာ ၆၀၊ ၆၅၊ ၇၀၊ ၇၅ ကီလိုတန်းနှင့် ၇၅ ကီလိုအထက်ပြိုင်ပွဲများကို လည်းကောင်း၊ Men’s Sports Physique ၊ Men’s Athletic Physique ၊ Men’s Fitness Physique ပြိုင်ပွဲများကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ ပဏာမလူရွေးချယ်ပွဲကို ကျင်းပရာ Women’s Model Physique ၊ Women’s Athletic Physique ၊ Women’s Fitness Physique ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့်ရွေးချယ်မှုတို့ကို လည်းကောင်း ကြည့်ရှု အားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာဝန်ကြီးချုပ်က တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်