နေပြည်တော် ဇူလိုင် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ငွေကျပ်သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ကိုးသိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ် နန့်ခုတ်ကျေးရွာအနီး ကားလမ်း၌ လွိုင်လင်မှ တောင်ကြီးသို့ ဝင်းထွန်းနိုင်(ခ)မျိုးတင့် မောင်းနှင်လာသည့် HIACE ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၁၂ သိန်းအား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် စိတ်ကြွ ရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်