Skip to main content

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဂန့်ဂေါမြို့နယ် ကျေးရွာ(၃)ရွာအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ရန်ပုံငွေပေးအပ်

ဂန့်ဂေါ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် ကျေးရွာ(၃)ရွာအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းရန်ပုံငွေ ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ချောင်းနက်ကျေးရွာအဝင်လမ်းပေါ်တွင် ကျောက်စီရေပြွန် Box Culvert (၁)စင်း တည်ဆောက်ခြင်း လုပ်ငန်း အတွက် ငွေကျပ်(၃၆)သိန်းကျပ်၊ မောလယ်ကျေးရွာတွင် ချောင်းသဲကြမ်းခင်းခြင်း လုပ်ငန်းအတွက် ငွေကျပ်(၅၄)သိန်းကျပ်၊ ဖက်ဝန်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် ငွေကျပ်(၆၀)သိန်းကျပ်တို့ကို ကျေးရွာမှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)