နေပြည်တော် ဇူလိုင် ၁၂
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ် (မြစ်ကြီးနား) သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် (၆၀၀၀) အိတ်၊ စားသောက်ကုန် နှင့် အထွေထွေပစ္စည်း (၁၁၃၈) အိတ်၊ စက္ကူဖာ (၂၉၉) ဖာ၊ ရေသန့် (၆) ဘူးပါ (၁၅၆၉၇) ကတ်၊ အဝတ်ထုပ် (၁၅၉၅) ထုပ်၊ စာအုပ်(၁)ထုပ်၊ သောက်ဆေး(၁၂၃)ဖာ၊ သစ်တောဦးစီးဌာနမှ စစ်တွေမြို့တွင် ပြန်လည်စိုက်ပျိုးရန်အတွက် မဟော်ဂနီပင် (၂၃၆၅၀) ပင်၊ မယ်ဇလီပင် (၃၀၀၀) ပင်၊ ရေတမာပင် (၁၇၀) ပင်၊ မန်ဂျန်ရှားပင် (၉၀၀၀) ပင် စုစုပေါင်းကုန်တန်ချိန် ၄၄၁ တန်ခန့်အား ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတံတား၌တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားခဲ့ပါသည်။
အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။