Skip to main content

မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့အထိ မြန်မာ့မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားသံလမ်းများရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း

နေပြည်တော် ဇူလိုင် ၈

ဒေသခံပြည်သူများ  ကုန်စည်ပို့ဆောင်မှုနှင့်  သွားလာမှုများ အဆင်ပြေ ချောမွေ့စေရေးအတွက်  ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့်  မိုးကောင်းမြို့အထိ မြန်မာ့မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားသံလမ်းများရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်းကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁  ရက် အထိ ပထမအကြိမ် ဆောင်ရွက်ပေးပြီး ယနေ့တွင်  ဒုတိယအကြိမ် မြစ်ကြီးနားမြို့ နန်းကွေ့ဘူတာရုံမှ မြစ်ကြီးနားဘူတာကြီးသို့ သွားရောက်သည့်  ရထားသံလမ်း ဝဲ/ ယာရှိ ချုံနွယ်ပေါင်းမြက်များကို မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက  စုပေါင်း ရှင်းလင်းဆောင်ရွက်ကြသည်။

အဆိုပါ ရထားသံလမ်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ မန္တလေးမြို့၊ မန္တလေးမြို့မှ ရန်ကုန် မြို့သို့ ယခင်ကပြေးဆွဲခဲ့သည်။ ထို့ကြောင့် ရထားပြေးဆွဲမှု မရှိသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့သဖြင့် ရထားသံလမ်းများတွင် ချုံနွယ်ပေါင်းမြက်များနှင့် သံလမ်းပျက်စီးမှုများကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပြီး ပြန်လည်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။  ထိုသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက  သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်