Skip to main content

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုး နိုင်ရန်အတွက် မျိုးစပါးများ (တတိယအကြိမ်) ပို့ဆောင်

နေပြည်တော် ဇူလိုင် ၈

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုး  နိုင်ရန်အတွက် လိုအပ်သော မျိုးစပါးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့်မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

ထိုသို့စီမံဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းနှင့် ဖျာပုံမြို့တို့မှ ဝယ်ယူခဲ့ သည့် ပေါ်ဆန်းရင်မျိုးစပါး ၁၄၀၀၀ တင်းကို တပ်မတော် မော်တော်ယာဉ် ၆၃ စီးဖြင့် တင်ဆောင် ၍ ယနေ့တွင် တတိယအကြိမ် သွားရောက် ပို့ဆောင်လျက်ရှိသည်။

အဆိုပါ စပါးမျိုးများကို မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ရာတွင် နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကူညီတင်ဆောင်ပေးကြရာ ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိသည့် မျိုးစပါးများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်တွင် လိုအပ်လျက်ရှိသည့် မျိုးစပါးများကို အချိန်မီရရှိရေး ဆက်လက်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။