နေပြည်တော် ဇူလိုင် ၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MV WERU PACK KHA (ဝိရူပက္ခ) ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Center) တို့မှ ပေးပို့သည့် ဆန်အိတ် (၃၃,၄၀၀) ၊ စားအုန်းဆီ ပိဿာ(၅၀၀)၊ ရေ(၅)ဂါလံဆံ့ပုံး (၆,၀၀၀)၊ တာပေါ်လင်(၁၀)ပါကင်၊ ခြင်ထောင် အလုံး (၈,၅၀၀)၊ မီးဖိုချောင်သုံးပစ္စည်း (၉၀၂) စုံ၊ ရွက်ဖျင်တဲ မျိုးစုံ (၄,၀၉၈)ခုနှင့် ပျိုးပင် (၁၃၃,၀၂၆) ပင် ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း (၁,၉၁၁ ဒသမ ၀၃) တန် တင်ဆောင်၍ ဇူလိုင် ၇ ရက် ညနေ ၄ နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံ တံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
(သတင်းစဉ်)