နေပြည်တော် ဇူလိုင် ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်ဥက္ကဋ္ဌ အိမ်တော်သွားရာ လမ်းလက်ဝဲဘက်နေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက ကျွန်းပင်များနှင့် ယမနေပင်များကို ဆက်လက်စိုက်ပျိုးပေးကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အရာထမ်း၊ အမှုထမ်း များစုပေါင်း၍ တပျော်တပါး သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၂၃၀ နှင့် ယမနေပင်၂၀၀ စုစုပေါင်းအပင် ၄၃၀ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်