Skip to main content

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၆

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၊ ပညာလင်္ကာရ ဘုန်းတော်ကြီးကျောင်း၊ အဘယရက္ခိတဘုန်းတော်ကြီးကျောင်းနှင့် အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းများရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေများကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ရန်ကျန်ရှိသည့် အဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ ဘုန်းတော်ကြီး ကျောင်းတိုက်များရှိ ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်