Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်များနှင့် စက်ဘီးအစီး(၃၀၀)ပေးအပ်ပွဲသို့တက်ရောက်

ရွှေဘို ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်းသို့ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Less Walk Organization တို့မှ ကျောင်းသုံး ဗလာစာအုပ်များနှင့် စက်ဘီးအစီး (၃၀၀) ထောက်ပံ့ လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဆင်းရဲနွမ်းပါးပြီး ကျောင်းသွားရန်သွားလာ‌‌ရေး ခက်ခဲသော ကျောင်းသား/သူများကိုအဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရန် လှူဒါန်းရခြင်းဖြစ်‌ကြောင်းနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်နေကြောင်းပြောကြားခဲ့ပြီး Less Walk Organization ၏နာယက ထာဝရမန္တလေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်ကိုက စက်ဘီး (၃၀၀) လှူဒါန်း ရခြင်းအပေါ် ဝမ်းသာပီတိစကား ပြောကြားခဲ့သည်။ ထို့နောက် Less Walk Organization တည်ထောင်သူ ကိုမိုက်သန်းထွန်းဝင်းက စက်ဘီးအစီး(၃၀၀) လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အား အရင်း အမြစ်ဝန်ကြီး ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်များနှင့် စက်ဘီးများ ကို ကျောင်းသား /‌သူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး ရွှေဘိုမြို့ အ.ထ.က(၂) ကျောင်းအုပ်ကြီး ဦးကျော်ကျော်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ရွှေဘိုမြို့နယ်အတွင်း အခြေခံပညာအထက် တန်းကျောင်း(၁၀)ကျောင်းရှိပြီး ၂၀၂၀-၂၁ပညာသင်နှစ်၌ သင်ရိုး သစ် နဝမတန်း ကျောင်းသား/သူဦးရေ (၂၃၅၂)ဦးနှင့် သင်ရိုးဟောင်း ဒသမတန်း ကျောင်းသား/သူ ဦးရေ(၂၂၁၆) ဦး စုစုပေါင်း ကျောင်းသား/သူ ဦးရေ (၄၅၆၈)ဦး ရှိကြောင်း ရွှေဘိုမြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဝင်းမြင့် ထံမှသိ ရသည်။

ထွန်းမြင့်အောင်(ရွှေဘို)