နေပြည်တော် ဇွန် ၃၀
ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်များဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက နေ့ညမပြတ်ကြိုးပမ်းတည်ဆောက်ပူဇော်လျက်ရှိရာ ၂၀၂၀ ဇွန်လ ၁၄ ရက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည့်နေ့မှ ယနေ့အထိရက်ပေါင်း (၁၁၁၁)ရက် ၃ နှစ်နှင့် ၁၆ ရက်တိတိကြာမြင့်ခဲ့ပြီဖြစ်သည်။
ကမ္ဘာပေါ်တွင် စကျင်ကျောက်ဖြင့် ထုဆစ်သည့်ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့်ရည်ရွယ် ချက်(၄)ရပ်ဖြင့် တည်ဆောက်ပူဇော်နေခြင်းဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ သာသနကအဆောက်အဦများကိုလည်း နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ ထည့်သွင်းတည်ဆောက်လျက်ရှိသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်မှုမှာ ယနေ့တွင် ရက်ပေါင်း(၁၁၁၁)ရက် ၃ နှစ်နှင့် ၁၆ ရက်တိတိရှိပြီဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုကို ကြည်ညိုသဒ္ဒါများပွားနိုင်စေရေး ယနေ့တွင် ဖူးမြော်ရသည့်ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းမှ သာသနိကအဆောက်အဦများ၏ မြင်ကွင်းများကို နိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူမိဘပြည်သူများ ဖူးမြော်ကြည်ညို သဒ္ဒါများပွားနိုင်စေရေး ယခုကဲ့သို့ဖော်ပြလိုက်ရပါသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုအားရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။