စစ်တွေ ဇွန် ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးသို့ သွားရောက်ပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငါးလုပ်ငန်းဦးစီးဌာန၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီး မှု စာရင်းဇယားများ၊ ပြန်လည်ဆယ်တင်မှုအခြေအနေ၊ အရေးပေါ် ဆောင်ရွက်ထားရှိမှု၊ ယာယီ အမိုး အကာအောက် ရောက်ရှိအောင် ဆောင်ရွက်ထားရှိမှုနှင့် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက မိမိတို့ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ပြန်လည်လည်ပတ် နိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်