Skip to main content

အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ဖြစ်သည့်အတွက် အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်းကြေညာ

၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၉) ရက်) ကြာသပတေးနေ့သည် “အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့” ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိရုံးများ၏ ပိတ်ရက်နှင့်လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၁၁၂/၂၀၂၃ ဖြင့် ကြေညာထားပါသည်။