Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics(DNP)] အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခြင်း

နေပြည်တော် ဇွန် ၂ဝ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးစိုးဦးနှင့် ဦးအောင်မိုးမြင့်တို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျဌာနီလမ်းနှင့် ပန်းခင်းလမ်းထောင့်(ဘဲကုန်းမီးပွိုင့်အနီး)၊ စင်္ကြာဒီပခြံတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ[Democratic Party of National Politics(DNP)] ဌာနချုပ်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ယနေ့တွင် ပါတီဌာနချုပ်၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့သည်။

တွေ့ဆုံစဉ် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ[Democratic Party of National Politics(DNP)] ဥက္ကဋ္ဌ သရေစည်သူဦးစိုးမောင်က ပါတီ၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ[Democratic Party of National Politics(DNP)] ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင် ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား ၁ဝဝဝဝဝ ပြည့်မီရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်ရန်၊ ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် ပါတီအလံလွှင့်ထူခြင်းများကို သတ်မှတ်ညွှန်ကြားချက်နှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်သွားရန်၊ ပါတီ၏ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ရေးဆွဲဆောင်ရွက်သွားရန် ပြောကြားရာ ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပြန်လည် ရှင်းလင်းတင်ပြကြောင်း သိရသည်။