Skip to main content

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူ များက အလှူငွေများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အား ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့်  ဘေးသင့်ပြည်သူများအတွက်  ပါဝင်လှူဒါန်း လိုသော  စေတနာရှင်ပြည်သူများ အနေဖြင့်   မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834  နှင့်  နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

၂။ ထိုသို့ကြေညာရာတွင်  အခြားသော  အီလက်ထရွန်နစ်  ငွေပေးချေမှုစနစ်နှင့်   မိုဘိုင်းငွေပေး ချေမှုစနစ်များဖြင့်   လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထပ်မံအသိ ပေးကြေညာသွားမည်ဟု ပါရှိပါသည်။

၃။ လှူဒါန်းရာတွင် ယခင်ကြေညာထားသည့် ဖုန်းနံပါတ်နှင့် ဖွင့်လှစ်ထားသည့် အကောင့်သို့ လှူဒါန်းမှု ပြုနိုင်ရေး ကြေညာထားပြီး ဖုန်းနံပါတ်ဖြင့် လှူဒါန်းမှုပြုလုပ်ခြင်းမှာ ရောထွေးနိုင် သဖြင့်  ဖုန်းနံပါတ် အစား QR ဖြင့်  လှူဒါန်းနိုင်ရေး  ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

၄။ KBZ Pay ၊ Wave Money တို့ဖြင့် လှူဒါန်းနိုင်ပြီး လှူဒါန်းလိုပါက KBZ Pay ၊ Wave Money တို့၏ QR အား Scan ဖတ်ခြင်း၊ QR တွင် ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက် နိုင်ပါသည်။

၅။ ယခုအခါ   ပြည်သူများ  လှူဒါန်းမှုပြုလုပ်ရာတွင်  ပိုမိုအဆင်ပြေစေရေး   ပြည်သူများ အသုံးပြုမှုများပြားသည့်   CB Pay ၊ AYA Pay၊ OK $ ၊ UAB pay နှင့် Citizens Pay တို့ဖြင့်လည်း လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်သဖြင့် QR အား Scan ဖတ်ခြင်း၊ QR တွင်ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။

၆။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်-