Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် One Stop Service – OSS လုပ်ငန်းဆောင်ရွက်နေမှု သွားရောက်ကြည့်ရှု

ရန်ကုန် ဇွန် ၉

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့  ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဌာန၏ဝန်ထမ်းများသည် ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ တာဝန် ထမ်းဆောင်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အရေးပါသည့် အခန်းကဏ္ဍမှ တာဝန် ထမ်းဆောင်နေရသည့် အားလျော်စွာ ဝန်ထမ်းများ၏ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်ရန် လည်း  လိုအပ်ကြောင်း ပြောကြားသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဌာနခွဲ များ၏  ဝန်ဆောင်မှုပေးနေမှု၊ ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရုံးစာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များ စနစ်တကျထိန်းသိမ်း ထားရှိမှု အခြေအနေကို လှည့်လည် ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏  အသိပညာမျှဝေ ဆွေးနွေးခြင်း ဆွေးနွေးပွဲအမှတ်စဉ် (၁၆)သို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ  ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်၏ “Inves- tor Targeting and Lead Gene-ration”ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြမှုကို ဖြည့်စွက်ဆွေးနွေး သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်  ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ရုံး၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်အဖွဲ့ (One Stop Service – OSS)မှ တာဝန်ရှိသူများကို တွေ့ဆုံပြီး လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ဌာနအချင်းချင်း ပူးပေါင်း၍ ပိုမိုကောင်းမွန်သည့် ဝန်ဆောင် မှုများပေးနိုင်ရေး၊ ဥပဒေ လုပ်ထုံး လုပ်နည်းများအတိုင်း တိကျစွာ ဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မြန်ဆန်သွက်လက် စွာ ဆောင်ရွက်နိုင်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးအသိုက်အဝန်း၏ ယုံကြည်အားကိုးရသည့် မိတ်ဖက်ဌာနများ ဖြစ်စေရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ One Stop Service – OSS ဌာန လုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

သတင်းစဉ်