နေပြည်တော် ဇွန် ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ရခိုင် ပြည်နယ် စစ်တွေကလေးပြုစုရေးတွင် စောင့်ရှောက် ထားသည့် ကလေးသူငယ် ၁၃ ဦးကို မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် စိတ်ပိုင်း ဆိုင်ရာလုံခြုံမှုရှိစေရေး အတွက် နေပြည်တော်ကလေး ပြုစုရေးသို့ ပြောင်းရွှေ့စောင့်ရှောက်နိုင်ရန် စီစဉ် ဆောင်ရွက်လျ က်ရှိသည်။
အဆိုပါကလေးသူငယ် ၁၃ ဦးသည် ယမန်နေ့က ပြုစုသူဆရာမ ၃ ဦး လိုက်ပါ၍ စစ်တွေမြို့မှ နေပြည် တော်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေပိုင်းတွင် ဆိုက်ရောက်ခဲ့ရာ လူမှု ဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်၍ နေပြည်တော် ကလေးပြုစုရေးသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်း အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် နေပြည်တော်ကလေး ပြုစုရေးဌာနသို့ သွားရောက်ပြီး အဆိုပါ ကလေးငယ် များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်၍ လိုအပ်သည်များ ပံ့ပိုးပေးခဲ့ပြီး စနစ်တကျ နေရာချထား ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်