Skip to main content

ရွှေကူမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၇၁၁၉)စုအတွက် ထောက်ပံ့ငွေများ ပေးအပ်

ရွှေကူ  သြဂုတ် ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့  ဗမာတိုင်းရင်းသား လူမျိူးရေးရာဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်မြင့် (ခ)ဦးဒိတ်က အခြေခံလူတန်းစားများအား ငွေကြေးထောက်ပံ့ပေးအပ်ခြင်း နှင့်ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းစိန်လင်းက ထောက်ပံ့ငွေ ပေးအပ်ရခြင်း နှင့် ပက်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရွှေကူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာ အိမ်ထောင်စု (၇၁၁၉)စု အတွက် နိုင်ငံတော်မှ အိမ်ထောင်စု(၁)စုလျှင် ကျပ်(၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၄၂၃၈၀၀၀၀) ကျပ်ကို ဗမာတိုင်းရင်းသားလူမျိူးရေးရာ ဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြကာ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက လက်ခံရယူပြီး ရေလဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသန်းမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)