Skip to main content

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့နိုင်ရန် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

နေပြည်တော် မေ ၂၅

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မိုခါမုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် အလှူငွေနှင့်ပစ္စည်းများ လက်ခံလျက်ရှိရာ အကယ်ဒမီ ခန့်စည်သူနှင့် ဓမ္မမိတ်ဆွေများက သိန်း ၅၀၊ အိမ်ထောင်ဇာတ်လမ်းတွဲအဖွဲ့က ၃၂ သိန်း၊ သရုပ်ဆောင် ခိုင်နှင်းဝေ က သိန်း ၄၀ ခန့် တန်ဖိုးရှိ သွပ်အချပ် ၅၀၀၊ မမဆောင်း သိန်း ၃၀၊ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် သိန်း ၂၀၊ စိန်ခြင်္သေ့ ဦးခင်မောင်လေးက တစ်တင်းခွဲပါ ဆန် ၁၀ အိတ်နှင့် ရန်အောင်၊ နေဒွေး၊ စိုးမြတ်သူဇာ၊ ဝတ်မှုံရွှေရည် စသည်ဖြင့် တစ်ဦးချင်းအလှူရှင်များကလည်း ငွေနှင့်ပစ္စည်းများ အသီးသီးလာရောက်လှူဒါန်းခဲ့သည်။ လူကိုယ်တိုင် မလာရောက်နိုင်သော်လည်း သရုပ်ဆောင် ခိုင်သင်းကြည်၊ ဖွေးဖွေး၊ ယုသန္တာတင်၊ ခင်ဝင့်ဝါ၊ နော်ဖောအယ်ထား၊ မြင့်မြတ်၊ စံရတီမိုးမြင့်၊ ရွှေထူးနှင့် ရွှေမှုံရတီ စသည်ဖြင့် အနုပညာရှင်များက ငွေလွှဲလှူဒါန်းကြသည်။

ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များထံတွင် ဆက်သွယ်လှူဒါန်းနိုင်ပါသည်-

ငွေလှူဒါန်းရန်

ဦးသန်းဌေး (ဘဏ္ဍာရေးမှူး)   - 09 428555888 (KBZPay Acc No)

KBZ Special Account        - 00751300704605801

KBZ Account          - 00750300704605801

ပစ္စည်းလှူဒါန်းရန်

ဦးဇော်မင်း(ဟံသာမြေ)         - 09 960014815

ဦးဇော်မြင့်ဦး            - 09 5006914

ဒေါ်တူး                             - 09 420052836

ဒေါ်သူသူမြတ်စိုး                 - 09 895635953

ထို့အတူ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများ ကူညီနိုင်ရန်အတွက် ရုပ်ရှင်ဂီတသဘင် ပူးပေါင်း၍ ရန်ပုံငွေပဒေသာကပွဲကို ၂၀၂၃ ခုနှစ် ဇွန် (၂၊ ၃၊ ၄) ရက် ညနေ ၆ နာရီမှစတင်၍ နာမည်ကြီးသရုပ်ဆောင်များ၊ တေးသံရှင်များ၊ သဘင်ပညာရှင်များက ပါဝင်ကပြဖျော်ဖြေမည်ဖြစ် ကြောင်း၊ ပွဲကြည့်ပရိသတ်များ သွားလာရေးအဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များ ပြေးဆွဲနိုင်ရေးကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်