Skip to main content

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း(ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ)

၁။ မန္တလေးတိုင်းဒေသကြီး၊ မလွန်ဆေးရိုးဝင်း၊ အောင်နန်းအနောက်ရပ်ကွက်၊ ၃၃ x ၃၄ ကြား၊ (၈၅) လမ်း၊ အမှတ်(၁၂)တွင် ပါတီရုံးချုပ်တည်ရှိသော ဒီမိုကရက်တစ်အင်အားစုလေဘာပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၃-၅-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့်ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ)အရ အများသိစေရန် ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်