Skip to main content

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲပြုလုပ်

နေပြည်တော် မေ ၂၄

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို မေ ၂၃ ရက်မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဧည့်ခန်းမ၌ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ထို့နောက် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များကအလှူ ငွေကျပ်သိန်း ၉၁၀၅၃၀၀၀ ကို ပေးအပ်လှူဒါန်းရာ ဒုတိယတိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်