၁။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ချမ်းသာ ရွှေပြည်အိမ်ရာ၊ (၁၀) ရပ်ကွက်၊ မြို့တော်(၂)လမ်း၊ အမှတ်(စီ/၁၀)တွင် ပါတီရုံးချုပ်တည်ရှိသော မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers’ Development Party)က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားချက်အရ ယင်းပါတီက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပြီး အများပြည်သူ ကန့်ကွက်နိုင်ကြောင်း ၁၈-၃-၂၀၂၃ ရက်နေ့ နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းကြော်ငြာခဲ့ပါသည်။
၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအလံနှင့်တံဆိပ်တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈ (က)ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိရသဖြင့် ပြန်လည်ပြင်ဆင်စေခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers’ Development Party)က ပြင်ဆင် တင်ပြလာသည့် ဖော်ပြပါပါတီအလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ)အရ အများသိစေရန် ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်