နေပြည်တော် မေ ၂၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၃ ခုနှစ်၊ အကြိမ် (၃၀) မြောက် အစိုးရနိကာယ်စာမေးပွဲကို ၁၃၈၅ ခုနှစ် နယုန်လဆန်း ၁၄ ရက်မှ နယုန်လပြည့်ကျော် ၃ ရက်အထိ (၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၅ ရက်အထိ) ငါးရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေဌာနများ၌ တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုရမည့် ကျမ်းစာအလိုက် သတ်မှတ်ထားသော ရက်အတိုင်း နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
သာသနာရေးဦးစီးဌာနအနေဖြင့် စာမေးပွဲအချိန်စာရင်းများကို သက်ဆိုင်ရာ သံဃနာယက အဖွဲ့ရုံးများသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ သိရသည်။
သတင်းစဉ်