Skip to main content

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော် မေ ၂၂

တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များအားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် အသားတုအိတ်များ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ကြာဇံထုပ်များ၊ ငရုပ်သီးခြောက်ထုပ်များ၊ ဆန်အိတ်များ၊ ငပိများနှင့် စွတ်ကျယ်အင်္ကျီများကိုတင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ၁ ကြိမ် ပို့ဆောင်ပေးခဲ့သည်။

အလားတူ ယနေ့တွင်လည်း သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီဆောင်ရွက်ပေးကြမည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အသင်းသားများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာန အသီးသီးနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် shetter Repair Kit များ၊ အိမ်ဆောက် သံများ၊ လျှပ်စစ်မီးကြိုးများ၊ တာပေါ်လင်စများ၊ ကြက်ဥများ၊ အိမ်သာခွက်များ၊ အိမ်သာပိုက်များ၊ ဆန်အိတ်များ၊ ဂျယ်လီတန်ဖာများ၊ ငါးများ၊ စားသုံးဆီများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ သွားတိုက်ဆေးများ၊ သွားတိုက်တံများ၊ အဝတ်အထည်များ၊ ယာယီတဲများ၊ စားပွဲခုံများ၊ ထိုင်ခုံများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် တပ်မတော်စက်ရုံများမှထုတ်လုပ်သည့် လက်ဖက်ရည်ထုပ်များ၊ အချိုရည်ဘူးများ၊ စည်သွပ်ဘူးများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်များဖြင့် ၇ ကြိမ် ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။