Skip to main content

ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရုံး (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Mr. Stephen Anderson ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်က မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာအစီ အစဉ် (၂၀၂၃) နှင့် စပ်လျဉ်းသည့် နားလည်မှုစာလွှာ လက်မှတ်ရေးထိုးပြီးစီးမှု အခြေအနေနှင့် WFP မှ မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် WFPတို့အကြား ပူးပေါင်းဆောင်ရွက်မှု များ၊ သဘာဝဘေးအန္တရာယ်ကျရောက်စဉ်ကာလအတွင်း လိုအပ်သည့်လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးအပ်ရေးနှင့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ တိုက်ခတ်ခဲ့သည့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစိုးရနှင့်နီးကပ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်