ပေါက်ခေါင်း မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ယမန်နေ့ညနေ ၆ နာရီနှင့် ည ၈ နာရီအချိန်က လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုမှ ကျေးရွာခွဲ(၁၀)ရွာမှ နေအိမ်(၃၅)လုံးအမိုးလန်ပြီး နေအိမ်(၂)လုံးပြိုလဲကာ အမှတ်(၃)ရပ်ကွက်ဈေးအိမ်သာဖိုက်ဘာရေကန်(၁)လုံး သစ်ပင်ပိ၍ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် ပေါက်ခေါင်းမြို့နယ် အရှေ့ကြို့ကုန်းအုပ်စုတွင် နေအိမ်(၄)လုံး၊ ရပ်သစ်ကျေးရွာအုပ်စုတွင် နေအိမ်(၃)လုံး၊ ထန်းတပင်ကျေးရွာအုပ်စုတွင် နေအိမ်(၉)လုံး၊ ဒီးဒုတ်ကျေးရွာအုပ်စုတွင် နေအိမ်(၄)လုံး၊ ဂွေးပင်ခုန်ကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံး၊ ပိတောက်ကုန်းကျေးရွာအုပ်စုတွင် နေအိမ်(၇)လုံး၊ ထုံးတောင်ကျေးရွာအုပ်စုတွင် နေအိမ်(၇)လုံး စုစုပေါင်းနေအိမ်(၃၅)လုံးအမိုးလန်ပျက်စီးပြီး စလွန်စမ်းကျေးရွာတွင် နေအိမ်(၁)လုံးနှင့် ထုံးတောင်ကျေးရွာတွင် နေအိမ်(၁)လုံး ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့ပြီး အမှတ်(၃)ရပ်ကွက်ဈေးအိမ်သာဖိုက်ဘာရေကန်ပေါ်သို့ သစ်ပင်ပိမိ၍ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ နေအိမ်အမိုးလန်ပျက်စီး ပြိုလဲခဲ့သည့် မိသားစုများယာယီနေထိုင်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)