ဂန့်ဂေါ မေ ၁၅
ဂန့်ဂေါမြို့တွင် ယမန်နေ့ ည ၁၁း၀၀ နာရီတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြစ်သာမြစ်ရေ မြင့်တက်ခဲ့ရာ စည်ပင်သာယာရပ်ကွက်နှင့် မြို့မရပ်ကွက်အတွင်းရှိ မြစ်ကမ်းနံဘေးနေ အိမ်ထောင်စုများ ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့် အိမ်ထောင်စု(၂၆)စုကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ ဆန်(၆)အိတ်၊ ဆီ ၄ပိဿာ၊ ရေသန့် ၁၀လီတာဘူး (၁၀)ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)