Skip to main content

ရှာဖွေကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီမှ ရဲမှူးရဲရန်အောင်နှင့်အဖွဲ့မှ ငွေဆောင်မြို့အတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများအား စားရေရိက္ခာများ ထောက်ပံ့ပေးအပ်

ငွေဆောင် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီမှ ရဲမှူးရဲရန်အောင်နှင့်အဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊​ ငွေဆောင်မြို့မရဲစခန်း စခန်းမှူးမျိုးဇေမြင့်၊ ငွေဆောင်မြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီး ဦးကောင်းပြည့်စုံတို့သည် ငွေဆောင်မြို့အတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများအား စားရေရိက္ခာများကိုလေ/ရေဘေးရှောင်စခန်းများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီမှ ရဲမှူးရဲရန်အောင်နှင့်အဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၊ ငွေဆောင်မြို့မရဲစခန်း၊ စခန်းမှူးမျိုးဇေမြင့်၊ ငွေဆောင်မြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးဦးကောင်းပြည့်စုံတို့သည် ငွေဆောင်မြို့၊ အမှတ်()ရပ်ကွက်၊ မြို့ပတ်လမ်းရှိသာသနာ့ရံသီကျောင်းတိုက်ရှိ မုန်တိုင်းရှောင်ပြည်သူ(၄၆)ဦး၊ မြို့ဦးစေတီဓမ္မာရုံရှိမုန်တိုင်းရှောင်ပြည်သူ(၃၆)ဦး၊ ငွေဆောင်မြို့၊ အမှတ်() ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်း၊ ယွန်းရတနာတည်းခိုခန်းရှိ မုန်တိုင်းရှောင်ပြည်သူ (၄၈) ဦးတို့အတွက် ထမင်းဘူး (၁၃၂) ဘူး၊ကိတ်မုန့်ထုပ်(၁၃၂)ထုပ်သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထို့နောက်ဘူးကွဲကြီးကျေးရွာ လမ်းဘေးအများပိုင်အဆောင်များသို့သွားရောက်၍ မုန်တိုင်းရှောင်ပြည်သူ(၂၀၄) ဦးတို့အတွက် ဆန်() အိတ်၊ ရေသန့်(၂၀) လီတာ() ဗူး၊ Ma Ma ခေါက်ဆွဲခြောက် ( ) ဖာထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဆောင်