ဆိပ်ဖြူ မေ ၁၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုများကြောင့် သစ်ပင်များလဲခြင်း၊ လျှပ်စစ်ဓာတ်တိုင်များကျိုးခြင်း၊ ချောင်းကူးရေကျော်များ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာဌာနများက မေလ၁၅ ရက်နေ့ နံနက်ပိုင်းတွင်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေသခံပြည်သူများ ခရီးသွားပြည်သူများ လမ်းအခက်အခဲ၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် လျှပ်စစ်အန္တရာယ်များကင်းဝေးစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနအသီးသီးမှဝန်ထမ်းများက မုန်တိုင်းအန္တရာယ်ကြောင့်ဖြစ်ပေါ်ခဲ့သော သစ်ပင်များလဲခြင်း၊ လျှပ်စစ်ဓာတ်တိုင်များကျိုးခြင်း၊ ချောင်းကူးရေကျော်များ ပျက်စီးခြင်းများ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအေးမင်းမောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက ဆိပ်ဖြူ-စလင်း ကားလမ်းရေလယ်ကျွန်းကျေးရွာ၌ ထနောင်းပင်းလဲကျခြင်း၊ ဆိပ်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်လမ်းပေါ်၌ ကုက္ကိုပင်လဲကျနေခြင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အဦးပေါ်တို့၌ အန္တရာယ်ရှိသစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးနှင့်ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားအမြန်ရရှိရေးအတွက် လျှပ်စစ်ဓာတ်တိုင်ကျိုးကျမှုများရှင်းလင်းခြင်း၊ ဓာတ်တိုင်အသစ်များစိုက်ထူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ဆိပ်ဖြူ-ပခုက္ကူ ကားလမ်းရွာသစ်ကြီးကျေးရွာနှင့် ချထောက်ကျေးရွာကြားမှဖြတ်သန်းစီးဆင်းသည့် ချစ်ချောင်းကွန်ကရစ်ရေကျော် ရေတိုက်စားမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဆိပ်ဖြူ-ဆော- ကန်ပက်လက်ကားလမ်းထိခိုက် ပျက်စီးမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ခရီးသွားပြည်သူများ ခရီးသွားလာမှု အဆင်ပြေသွားလာဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)