ညောင်ဦး မေ ၁၅
စူဠာမဏိဘုရားကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှု မိုးရေများအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များမှ စူဠာမဏိဘုရားဝင်းအတွင်းမှ မိုးရေများအား ရေစုပ်စက်များဖြင့် စုပ်ထုတ်လျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်း၏အကျိုးသက်ရောက်မှုကြောင့် မေ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း အဆိုပါမိုးရေများဝင်ရောက်မှု တစ်ပေခန့်ရှိကြောင်းသိရသည်။
ဒီပါလင်း