ညောင်ဦး မေ ၁၅
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ရွာသာကျေးရွာအုပ်စု၊ ရွာသာကျေးရွာ၌ မေ ၁၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါရွှေဘုံသာဘုရားကို ၁၉၈၄ ခုနှစ်တွင် ဆရာတော် ဥူဣန္ဒာစက္က ဦးဆောင်တော်မူ၍ အလှူရှင်များစုပေါင်းကာ တည်ထားခဲ့ခြင်းဖြစ်ကြောင်း ရွာသာကျေးရွာတွင်တည်ထားသည့် ဥာဏ်တော်အမြင့် ၄၀ ပေခန့်ရှိ ရွှေဘုံသာဘုရား၏ သပိတ်မှော်ရစ်အထက်ပိုင်းမှစကာ ပြိုကျ၍ မြေခပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရပြီး မေလ ၁၄ ရက်၊ နေ့ခင်း ၂ နာရီအချိန်တွင် ပြိုကျခဲ့ကြောင်း သိရသည်။
ဒီပါလင်း