နေပြည်တော် ဧပြီ ၂၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်လယ်ဝေးမြို့နယ်၌ ဧပြီ ၂၁ ရက် ညနေ ၆ နာရီတွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ကံသာကျေးရွာအုပ်စုရှိ တံတားဦးကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။
ဆက်ကပ်လှူဒါန်း
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့မွန်းလွဲပိုင်းက ဗုဒ္ဓကလျာဏယုဝ အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူ၊ တာဝန်ရှိများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့ ကံသာအုပ်စု တံတားဦးကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်၍ကျောင်းရှိ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများကို မေးမြန်းလျှောက်ထား၍ အလှူတော်ငွေများ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်