နေပြည်တော် ဧပြီ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai အား ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ယုဇနဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးရှိသော လက်တွေ့ကျသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ လယ်ယာကဏ္ဍ သတင်းအချက်များနှင့် နည်းပညာဖလှယ်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဆင့်မြှင့်တင်ခြင်းနှင့် မြန်မာနိုင်ငံတွင် ပိုးမွှားကင်းစင်သန့်ရှင်းရေးဆိုင်ရာ အရည်အသွေး ထိန်းချုပ်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ခြင်းလုပ်ငန်းဆိုင်ရာများ၊ ပုပ်သိုးလွယ်သည့် ကုန်စိမ်းပစ္စည်းများ အလျင်အမြန် တင်သွင်းတင်ပို့နိုင်ရေးနှင့် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်