Skip to main content

ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင်များကို သွားနှင့်ခံတွင်းကုသပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၂၂

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အရိန္ဒမာခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင် စုစုပေါင်း ၂၆၀ တို့ကို ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း ဆေးကုသ ရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၂၈ ဦးတို့က သွားဖာခြင်း၊ သွားနှုတ်ခြင်းနှင့် သွားနှင့်ခံတွင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ကုသပေးသည်။

သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြသည့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစု ဝင်များကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများက ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှနယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့ကို ဒုတိယဝန်ကြီးများက ထောက်ပံ့ငွေနှင့်အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်