နေပြည်တော်၊ ဧပြီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဟော်နန်း အသစ် ဆောက်လုပ်နေမှုအခြေအနေများနှင့် နောင်တုံကန်အတွင်း သဲ၊ နုန်း များဆယ်ယူ နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုကြသည်။
ဦးစွာ ကျိုင်းတုံဟော်နန်းအသစ်အား တာဝန်ယူဆောက်လုပ်နေသည့် မင်းဒင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းမှူးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဟော်နန်း ဆောက်လုပ် နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်းမှ သဲ၊ နုန်းများအား စက်ယန္တရားကြီးများဖြင့် စုပ်ယူမှုနှင့် နောင်တုံကန်အတွင်း သဲ၊ နုန်းများ စွန့်ပစ် နေရာတွင် သဲ၊ နုန်း ပါဝင်မှုအခြေအနေများ အားသွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။